ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ငွေကျပ်(၂၇၃.၀၄၃၄၀၀)သန်း အကုန်အကျခံကာ လုပ်ငန်း(၆၀)မျိုး ပြန်လည်ပြုပြင်ပေးနိုင်ရေးလျာထား - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ငွေကျပ်(၂၇၃.၀၄၃၄၀၀)သန်း အကုန်အကျခံကာ လုပ်ငန်း(၆၀)မျိုး ပြန်လည်ပြုပြင်ပေးနိုင်ရေးလျာထား

 

54

MNP - ဇူလိုင်   ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ကြား/သင်ယူမှုများ အဆင်ပြေစေရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ငွေကျပ်(၂၇၄.၀၄၃၄၀၀)သန်း အကုန်အကျခံကာ လုပ်ငန်း (၆၀)မျိုး ပြန်လည်ပြုပြင်ပေးနိုင်ရေး လျားထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


အဆိုပါလုပ်ငန်းများမှာ ခရိုင်ပညာရေးမှူးရုံး၌ ရေဂါလံ(၁၂၀၀)ဆံ့အုတ်ရေကန်၊ ကွန်ပရပ်ဆာ၊ မော်တာနှင့် ပေ(၅၀၀)ရေပိုက်သွယ်တန်းခြင်း၊ (၈x၈x၈)ပေ ဂိတ်တဲဆောက်လုပ်ခြင်းနှင့် အ.ထ.က-ခွဲ သမန်းသာ၊ အ.ထ.က-ခွဲ လက်ပန် ၊ မူလွန်(၅၊ မူလွန် သရက်ပင် ၊ အ.မ.က ဒါန်းတိုင် ၊ အ.မ.က ကျီးအင်း ၊ အ.မ.က-ဆင်မင်း၊ အ.မ.က-သာစည်လေး၊ အ.မ.က-အရှေ့ရေပြားတော၊ အ.မ.က-ဆင်ဖြူ ၊ အ.လ.က-ခွဲ-ဗလုံ့၊ အ.မ.က-ပနံ၊ မူလွန်ပေါင်လောင်လေး၊ အ.လ.က-ခွဲ လေးဆယ်ကုန်း၊ အ.မ.က-လွန်ကျော်ကျောင်းများမှ ကျောင်းဆောင်များတွင် ဆေးသုတ်ခြင်း၊ အမိုးများပြုပြင်ခြင်း၊ မျက်နှာကျက်များအသစ်တပ်ဆင်ခြင်း၊ ပြတင်းပေါက်များတပ်ဆင်ခြင်း စသည့်လုပ်ငန်းများအပြင် အ.မ.က-ပုန်းညက်ကျေး၊ အ.မ.က-ကျောက်မဆစ်၊ အ.မ.က-အင်ရောင်း၊ အ.မ.က-ရဲကြီးကွေ့ကျောင်းများမှ ကျောင်းဆောင်များတွင် လျှောက်လမ်း ကွန်ကရစ်ခင်းခြင်းများနှင့် အ.မ.က-လွန်ကျော်၊ အ.မ.က-ညွန့်ပင်၊ အ.မ.က ရ/သပြေကုန်း၊ အ.မ.က-ကျီးအိပ်၊ အ.မ.က-သင်ပျို၊ မူလွန်ပေါင်လောင်ကြီး၊ အ.မ.က-ကျားအို၊ အ.မ.က စိုင်မလန်း၊ အ.မ.က-ထုံးဘို၊ အ.မ.က-မြို့သာ၊ အ.မ.က-မြို့သာ၊ အ.မ.က-ဝမ်းသောင်၊ အ.မ.က-ကိုးပင်၊ အ.မ.က-ကျောင်းကုန်၊ အ.မ.က-ဇလဲ၊ ပုထိုးတိုင်၊ အ.မ.က-ပေတောကြီး၊ အ.မ.က-ရဲကြီးကွေ့၊ အ.မ.က-ဟဲလှယ်၊ အ.မ.က-ကုန်းသာ၊ အ.မ.က-ဇရစ်ခဲ၊ အ.မ.က-ငါးအိုး၊ အ.မ.က သီးပင်၊ အ.မ.က-ဖိုကုန်း၊ အ.မ.-ပိန်းရည်၊ မူလွန်သရက်ပင်၊ မူလွန်ပဲခင်း၊ မူလွန်သပြေသာ၊ မူလွန်ပင်တလည်၊ အ.မ.က-ခွဲ ပိတောက်တက်၊ အ.မ.က-သူငယ်တော်၊ အ.မ.က-ကျီးအင်း၊ အ.မ.က-ရွာသစ်ကျောင်းများတွင် ခြင်း၊ အ.မ.က-၁၃၊ အ.ထ.က-ခွဲ န/သာဂရ၊ မူလွန်-၈၊ မူလွန်-၄၊ အ.မ.က-၁၀၊ အ.ထ.က မင်းစု၊ အ.ထ.က-ခွဲ ဆူလေကုန်း ကျောင်းများတွင် ခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၂၆)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၁၂၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages