MNP - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ ရပ်ကွက်(၁) နယ်မြေ(၉)၊ ရပ်ကွက်(၁၂)၊ ကောင်းကြဲ(ပိတ်)အုပ်စု၊ ပုန်းထွန်ကျေးရွာအုပ်စု၊ လုပ်ဝိုင်ကျေးရွာအုပ်စု၊ အမှတ်(၁၊၂၊၃၊၄) အခြေခံပညာအထက်တန်းကျောင်း စသည့်စုရပ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် Booster Dose များ ထိုးနှံပေးလျက်ရှိသည်။
လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေး(၂)ကြိမ်ထိုးပြီး (၆)လပြည့်ပြီးသည့် ပြည်သူများအား Booster Dose ထိုးနှံရန်ကျန်ရှိသူများ၊ အသက်(၁၈)နှစ်အထက်ပြည်သူများ Phase-13 (First Dose)နှင့် Phase-11 Second Dose ထိုးနှံရန် ကျန်ရှိသူများအားလည်းကောင်း၊ ရပ်ကွက်(၁)နယ်မြေ(၉)၊ ရပ်ကွက်(၁၂)၊ ကောင်းကြဲ(ပိတ်)အုပ်စု၊ ပုန်းထွန်ကျေးရွာအုပ်စု၊ လုပ်ဝိုင်ကျေးရွာအုပ်စုများတွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများနှင့် အသက်(၅)နှစ်နှင့်(၁၅)နှစ်ကြား ကျောင်းနေပြင်ပ ကလေးများအားလည်းကောင်း၊ အမှတ်(၁၊၂၊၃၊၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအားသတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးလာရောက်ထိုးနှံနိုင်ရန် အသိပေးဆော်ဩလျက်ရှိကြောင်း သိရသည်။
သတင်း - စိုင်းအောင်ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment