ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း

36


MNP - ဇူလိုင်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်  ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးနောက်  ငပုတောမြို့ ဝေဠုဝန်ကျောင်းတိုက်မှ  ကျောင်းထိုင်ဆရာတော်  မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ   ဘဒ္ဒန္တဝဏ္ဏသာမိ မဟာထေရ် အရှင်သူမြတ်က ငါးပါးသီလချီးမြှင့်ပေးခဲ့ပြီး၊  ကျောင်းတိုက်အသီးသီးမှ ကြွရောက် လာသော  သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် အန္တရာယ်ကင်း  ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပါသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး ဒေါ်နီလာထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို  စုပေါင်းကပ်လှူဒါန်းကြသည်။


ဆက်လက်၍  ငပုတောမြို့   ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ဘုရား၊ ဘဒ္ဒန္တဝဏ္ဏသာမိ   အရှင်သူမြတ်က အနုမောဒနာတရား ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ  အမျှပေးဝေခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုတ်သိမ်းခဲ့သည်။ ထို့နောက် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာကြွရောက်လာသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည်ခံခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages