ကြံခင်းမြို့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေနှင့် မှတ်ပုံတင်ထားရမည့် အချက်အား ကွင်းဆင်း ဟောပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကြံခင်းမြို့တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့်ဥပဒေနှင့် မှတ်ပုံတင်ထားရမည့် အချက်အား ကွင်းဆင်း ဟောပြော

 

78


MNP - ဇူလိုင်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်လူမှုဖူလုံရေးရုံး၏  ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်ဥပဒေနှင့် မှတ်ပုံတင်ထားရမည့် အချက်များကို ယမန်နေ့ နံနက်ပိုင်းက  ကြံခင်းမြို့အမှတ်(၁၀၅)သစ်စက်ရုံးခန်းတွင်  ရှင်းလင်းပြောကြားသည်။


ကြံခင်း မြို့နယ်လူမှုဖူလုံရေးဦးစီးဌာန  ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးနိုင်မှ ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အချက်များ၊ အကျိုးခံစားခွင့်(၁၅)မျိုးအား  ရှင်းလင်းဆွေးနွေးရာ  အမှတ် (၁၀၅)သစ်စက်ရှိ  ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးနိုင်နှင့် သစ်စက်ဝန်ထမ်းများက သိလိုသည့် အချက်များကို မေးမြန်ပြီး လူမှုဖူလုံရေးဦးစီးအရာရှိမှ  ရှင်းလင်းပြောကြားသည်။


အလားတူ   ကြံခင်းမြို့ ဧရာဝတီဘဏ်ခွဲတွင် ညနေပိုင်းက  မြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေလိခမျိုးမှ သက်ဆိုင်သည့်ဥပဒေအကြောင်း သိကောင်း စရာများအားလည်းကောင်း၊ မြို့နယ်လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်မှ လူမှုဖူလုံရေး ဥပဒေအကြောင်းအရာများနှင့် အကျိုးခံစားခွင့်များ၊ အာမခံအလုပ်သမားနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းပြောကြားရာ  ဧရာဝတီဘဏ်ခွဲမန်နေဂျာ ဒေါ်ခိုင်ယဉ်မွန်နှင့် ဘဏ်ဝန်ထမ်းများက သိလိုသည့်အချက်များနှင့် ပတ်သက်ပြီးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြီး ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages