ညောင်တုန်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ညောင်တုန်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်

88


MNP - ဇူလိုင်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတများရေရှည် တည်တံစေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးအတွက် သဘာဝ ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉နာရီအချိန်က ပန်းလှိုင် ရေထိန်းတံခါးတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးလက်နေပြည်သူများ တက်ရောက်ကြပြီး ပသွယ်နှင့် အောင်ဟိတ်ငါးသားဖောက်စခန်းမှ ငါးမြစ်ချင်းငါးပေါက်ကောင်ရေ (၄၀၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၂၀၀၀၀၀)၊ ရွှေဝါငါး‌သားပေါက်ကောင်ရေ (၁၅၀၀၀၀) စုစုပေါင်း ငါးသား‌ပေါက်အကောင်ရေ (၇၅၀၀၀၀)ကို ပန်းလှိုင်‌ရေထိန်းတံခါး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages