MNP ၊ ဇူလိုင် ၂၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၄)မိုင်ဈေးအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ် ဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီအချိန် ဈေးဆိုင်များအား မီးဘေး လုံခြုံရေး ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးကော်မတီအဖွဲ့တို့မှ (၄)မိုင်ဈေးရှိ ဈေး ရောင်း ချသူများ အနေဖြင့် မတော်တဆ မီး လောင်မှု ဖြစ်ပွား ပါက ရှေးဦး စွာ မီးငြိမ်း သတ် ဆေးဘူးဖြင့် စနစ်တကျ မီးငြိမ်းသတ်မှုများ ၊ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားစေလိုကြောင်း ၊ လက်ဖက်ရည်ဆိုင်ရောင်းချသူ ဆိုင်ပိုင်ရှင်များ အနေနဲ့ မီးကို စနစ် တကျအသုံးပြုရေး ၊ မီးကြွင်းမီးကျန်များအား သေချာစွာ မီးငြိမ်းသတ်ကြရန် နှင့် မီးလောင်မှုဖြစ်ပွားနေစဉ် ရှေးဦးမီးသတ် ဆေးဘူးဖြင့် မီးငြိမ်း သတ် တတ်စေရန် ဈေးသူ၊ ဈေးသားများအား ရှင်းလင်းပြော ကြားပြီး ဈေး အတွင်း မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး အတွက် မီးချိတ် ၊မီးကပ်များ ၊သဲအိတ်များ ၊ရေပုံး၊ ရေကန် များ၊ ရေပိုက်ခေါင်းများ ၊ မီးသတ်ဆေးဘူးများ အလွယ်အတူ အသုံးပြုနိုင်ရန် အဆင်အသင့် ဆောင်ရွက် ထားရှိရေး ၊ မီးသတ် ဆေး ဘူး များ ဟောင်း နွမ်းနေပါက အသစ် လဲလှယ် တပ် ဆင်ကြစေရန် ၊ ဈေးအတွင်း လှည့်လည် ကြည့်ရူ စစ် ဆေး အကြုံ ပြုခဲ့ကြ ကြောင်း သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment