မင်းလှမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းလှမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်

34

35


MNP - ဇူလိုင်  ၂၅


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ဝိုင်းကျေးရွာအုပ်စုတွင် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ တိုက်ဆိုင်စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ် ရွေး ကောက်ပွဲကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ရပ်ကွက်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာ များတွင်လည်း မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ တိုက်ဆိုင်စစ်ဆေး ကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages