တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာတွင် ကျေးရွာနေပြည်သူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာတွင် ကျေးရွာနေပြည်သူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

 

14


MNP - ဇူလိုင်   ၂၃


ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုအဖြစ် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံအုပ်စု၊ ပိုက်လုံးစုကျေးရွာတွင် ကျေးရွာတစ်ရွာထုတ်ကုန် တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေပြည်သူများ အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်နိုင်ဦးက ဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်ထောက်ကူ ပစ္စည်းများကို သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးကို ပေးအပ်ခဲ့ကြောင်း သိရသည်။


တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းသို့လည်း သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြသလို သင်တန်းကာလမှာ(၇)ရက်တာ ကြာမြှင့်မည် ဖြစ်ကြောင်း သိရပြီး သင်တန်းဖွင့်ပွဲသို့ လည်း တိုက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲမင်းအောင် အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်း၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages