မြောင်းမြမြို့ ဘုရားစေတီပုထိုး ရှေးဟောင်း သမိုင်းဝင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောင်းမြမြို့ ဘုရားစေတီပုထိုး ရှေးဟောင်း သမိုင်းဝင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်

 

11


MNP - ဇူလိုင်   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ  ဘုရားစေတီပုထိုး ရှေးဟောင်း သမိုင်း ဝင်နေရာများတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြောင်းမြမြို့ မြစိမ်းရောင်တောင်တော် ဆင်ဖြူတောင် စေတီတော်၌လည်းကောင်း၊ ရွှေဗုဒ္ဓေါ စေတီတော်၌ လည်းကောင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များက မြစိမ်းရောင်တောင်တော် ဆင်ဖြူတောင် စေတီတော်တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အုတ်များသယ်ယူစီတန်းပေးခြင်း၊ အုတ်ကျိုးများ သယ်ယူရှင်းလင်းပေးခြင်း၊ အမှိုက်များ ခြုံနွယ်များရှင်းလင်းခြင်းနှင့် ရွှေဗုဒ္ဓေါ စေတီတော်၏ ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ခြုံနွယ်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages