တမူးမြို့နယ်တွင် အသက်(၅) နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

တမူးမြို့နယ်တွင် အသက်(၅) နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး

34


MNP - ဇူလိုင်  ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် အသက်(၅)နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ  ကာကွယ် ဆေး( ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်(၉)နာရီအချိန်က အမှတ် (၂)အခြေခံပညာမူလတန်းလွန် ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင်  မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  ကျန်းမာရေးမှူး ဦးမျိုးလွင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးတုတ်ကြည်နှင့်ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများမှ ကူညီဆောင်ရွက်ပေးခဲ့ပြီး  ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာ ရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးခဲ့ သည်။


တမူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မိဘများ၏ သဘောတူညီမှုဖြင့် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းများမှကျောင်းသား/ကျောင်းသူများကိုလည်း သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ဆက်လက်ထိုး နှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရတနာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages