ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေဂရန်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့် ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့မြေဂရန်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းကြည့် ရှုစစ်ဆေး

115

113

114


MNP - ဇူလိုင်  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အခွန်လွတ်သာသနာ့ မြေဂရန်လျှောက်ထားသည့် မြေနေရာများကို ယနေ့ နံနက်ပိုင်းက  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊  မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က နောင်မွန်ကျေးရွာအုပ်စုအတွင်းရှိ မြေကွက်အမှတ်(၁၁/၄၆၂)၊ ဧရိယာ (၄.၉၄)ဧကရှိသော မြေနေရာအား လကမ္ဘာပညာအလင်း ပရဟိတဘုန်းတော်ကြီးကျောင်း၏ အခွန်လွတ် သာသနာ့မြေဂရန်အဖြစ်လျှောက်ထားလာမှုအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြားခဲ့သည်။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်တို့သည် ပါလောပါကယ်ကျေးရွာအုပ်စုအတွင်းရှိ ကွင်း/အကွက်အမှတ်နှင့် အမည် (၁၁/အောင်ဇေယျ-၁)၊ ဦးပိုင်အမှတ်(၆)၊ မြေကွက်အမှတ်(၇) ဇေတဝန်ပရိယတ္တိစာသင်တိုက် အမည်ဖြင့် အခွန်လွတ်သာသနာ့မြေဂရန်ရရှိသည့် မြေဧရိယာ(၇.၇၇၀)ဧက အနက်မှ ဧရိယာ(ဝ.၁၂၉)ဧက ရှိသော မြေနေရာအား ဝိသုံဂါမသိမ်သမုတ်ခွင့်ပြုပေးနိုင်ပါရန် လျှောက်ထားလာမှုအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။ 


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages