MNP - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အမြင့်ပိုင်းနေရာတစ်နေရာဖြစ်သော မွေတော်ကုန်းရပ်ကွက်သည် နှစ်စဉ်ရေရှားပါးပြတ်လတ်မှုရှိသော ရပ်ကွက်ဖြစ်သောကြောင့် မွေတော်ကုန်းရပ်ကွက်အား ရေရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် ယမန့်နေ့မွန်းလွဲ ၃ နာရီ အချိန်က မွေတော်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်မင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးမြတ်ခန့်အေးနှင့်အဖွဲ့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မွေတော်ကုန်းရပ်ကွက်ရှိ မိဘပြည်သူ ၈၀ ကျော်တို့ ညှိနှိုင်းအစည်းဝေးပြုလုပ်ခဲ့သည်။
အိမ်ရှင်များအား ( submain water meter group ) ဖြင့် ရေပေးဝေနိုင်ရေးအတွက် မွေတော်ကုန်းရှိ မိဘပြည်သူများအား ရေဖြန့်ဖြူးပေးဝေနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိမှ မိမိဌာနအနေဖြင့် ယခုနှစ်ဘတ်ဂျက်ဖြင့် ၆"pvc ပိုက်သွယ်တန်းခြင်း ၁၂၅၀ပေ အား သွယ်တန်းပြီးဖြစ်ကြောင်းနှင့် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာမှ မွေတော်ကုန်း ရေရောက်ရှိရေးအတွက် စီမံချက်များရေးဆွဲ၍ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရေရောက်ရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အငယ်တန်းအင်ဂျင်နီယာ-၂ မှ မိမိတို့ရေပိုက်မှာမွေတော်ကုန်းသို့ ၁နာရီ ရေဂါလံ ၂၀၀၀၀ခန့် ရောက်ရှိကြောင်းနှင့် ( submain water meter group systems )ဖြင့် ရေပေးဝေမည့် အစီအမံများ၊ နည်းစနစ်များအား ရှင်လင်းချပြခဲ့ရာ တက်ရောက်လာသူ မိဘပြည်သူများမှ ဝမ်းမြောက်စွာဖြင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွယ်တန်းပေးစေရန် ပြောကြားခဲ့ပြီးနောက် ရေရောက်ရှိမှုအခြေအနေများကို မိဘပြည်သူများအား လိုက်လံပြသခဲ့သည်။
လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၆" pvc ပိုက် ၁၂၅၀ပေ သွယ်တန်းခြင်းအား လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာဌာနခွဲမှ တာဝန်ယူဆောင်ရွက်ပြီးဖြစ်ကြောင်း စည်ပင်သာယာရေးဌာနတာဝန်ရှိသူထံမှ သိရသည်။
သတင်း - အယ်မင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment