မုံရွာမြို့ ရာပြည့်စေတီတော်ကျွန်း ကျောက်ထုတ်လောင်းခြင်း၊ နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မုံရွာမြို့ ရာပြည့်စေတီတော်ကျွန်း ကျောက်ထုတ်လောင်းခြင်း၊ နေပူခံကျောက်ပြားခင်းခြင်း လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

94


MNP - ဇူလိုင်  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူပြီး မုံရွာမြို့ပြည်သူများ အားလပ်အချိန်များတွင် စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေနိုင်စေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်နိုင်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သပ်ရပ်စေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ချနိုင်စေရန်အတွက် ကန်သာယာကန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး လုပ်ငန်းများကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံက သိရသည်။


မုံရွာမြို့ ကန်သာယာကန်နှင့်ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး လုပ်ငန်းများ တွင် အရှေ့ဘက်ကန်သာယာရှိ ရာပြည့်ကပ်ကျော်စေတီတော်ကျွန်းတွင် အရှည်ပေ ၂၃၀၀ ကျောက်ရိုးစီမြေထိန်းနံရံပြုလုပ်ခြင်း၊ R C လောင်းခြင်း၊ ရာပြည့်ဘုရားရင်ပြင်တော် တစ်ခုလုံးတွင် ၁၃၇၀၀ စတုရန်း‌ပေရှိ နေပူခံစကျင်ကျောက်ပြားများ ခင်းခြင်းနှင့် ကရဝိတ်သွပ်အမိုးမိုးခြင်း၊ (၄၈၈)‌ ပေရှိ ကရဝိတ်စတီးရွှေသွပ်ပန်း တပ်ဆင်ခြင်းတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့်အတူ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ထို့အပြင် အဆိုပါကန်ကြီးအတွင်းရှိ ပြည်ထောင်စုကျွန်းပတ်လည်တွင် အရှည်ပေ ၂၂၅၀ ရှိသော ကျောက်ရိုးစီမြေထိန်းနံရံပြုလုပ်ခြင်း၊ အာစီကျောက်ထုတ်လောင်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးအတွက် လူအား၊ စက်ယန္တရားများ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ မြို့တော် သန့်ရှင်းသာယာ လှပစေရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးစသည့် စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ စည်ပင်သာယာရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စည်ပင်သာယာရေးရေးအဖွဲ့၏ လျာထားချက်များနှင့်အညီ ရငွေများအပေါ် ရပ်တည်ဆောင်ရွက်ရသည့် ဌာနအဖွဲ့အစည်းဖြစ်ပါကြောင်း၊ အခွန်၊ အခများ ပိုမိုရရှိမှသာ မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူများမှလည်း မိမိတို့ကျရာ အခန်းကဏ္ဍမှ စည်ပင်သာယာနှင့်ပူးပေါင်းလက်တွဲကာ မြို့တော်ဖွံ့ဖြိုး တိုးတက်ရေးကို စည်းကမ်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားကြဖို့ လိုကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages