လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေး

 

96


MNP - ဇူလိုင်   ၂၂


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံပေးရာတွင် ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ဆေးထိုးပြီးသူများအား မိနစ် (၃၀)ခန့် အနားယူ စေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူပြီး ထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦးအား ထပ်မံထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန်ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။


သတင်း - စောဝေါ်ကွောထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages