သာစည်မြို့နယ်၌ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

သာစည်မြို့နယ်၌ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

35


MNP - ဇူလိုင်   ၂၃


မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ  ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္မဏီဖြင့်  ပူးပေါင်းကာ ယနေ့  နံနက် ၇ နာရီခွဲအချိန်က မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၄/၇ အနီး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေး ကုမ္မဏီမှ တာဝန်ရှိသူများ၊ ကျွဲတပ်ဆုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများက အရိပ်ရတမာပင်များအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ အရိပ်ရတမာပင် ၁၀၀၀ အား မိတ္ထီလာ-တောင်ကြီး ကားလမ်း လှိုင်းတက်ကျေးရွာနှင့် ယင်းမာပင်ကျေးရွာကြား မိုင်တိုင်အမှတ် ၂၂/၄ နှင့် ၃၅/၀ မိုင် လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုးခဲ့ကြောင်း  မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်း-၂ ထံက သိရသည်။


သာစည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပွဲများ၊ ဌာနအလိုက် လမ်းဘေးဝဲယာ တအုပ်တမ စိုက်ပျိုးခြင်း များ စသည်ဖြင့် စိုက်ပျိုးပြီးသစ်ပင်များအား တစ်ပင်စိုက်တစ်ပင် ဖြစ်ထွန်းနိုင်ရန် အပင်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                        


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages