သံတွဲမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သံတွဲမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

024

025

026

027

028

              

MNP ၊  ဇူလိုင်  ၁၉

သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သည့်  (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉း၃၀နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက မြို့တော်ဦး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသာရအမှူးပြုသည့်  သံဃာတော်(၅)ပါးတို့အား ဩကာသကန်တော့ ကျိုးဖြင့် ညီညာဖြဖြကန်တော့ကြပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ  ပရိတ်တရားတော်များနာယူ ခဲ့သည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်တို့အား သင်္ကန်းနှင့်တကွ လှူဘွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်း ကြပြီးလှူဒါန်းမှူအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက မြို့တော်ဦး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မသာရအမှူးပြုသည့်  သံဃာတော်(၅)ပါး တို့အား (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်  နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိ ရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages