တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလှုပ်ရှားမှုနှင့် နို့စားနွား(ဒေသ)မွေးမြူမှု ဖွံ့ဖြိုးရေးအတွက် ဖြူးမြို့နယ်၌ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလှုပ်ရှားမှုနှင့် နို့စားနွား(ဒေသ)မွေးမြူမှု ဖွံ့ဖြိုးရေးအတွက် ဖြူးမြို့နယ်၌ဆောင်ရွက်

80


MNP - ဇူလိုင်   ၁၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကရွာတန်းရှည်ကျေးရွာအုပ်စု၊ ငှက်ကြီးသိုက်စံပြကျေးရွာတွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပါတ် အစီအစဉ်နှင့်နို့စားနွား(ဒေသ) မွေးမြူမှုဖွံ့ဖြိုးရေး၊ မေထုန်မဲ့သားစပ်ခြင်း လုပ်ငန်းများကို တိရစ္ဆာန်မွေးမြူသူများအားတွေ့ဆုံ၍  အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးငြိမ်းအောင်က တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကွယ်နိုင်ရေး၊ ရောဂါ ဖြစ်ပွားမှုအပေါ် ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ကျေးရွာဒေသအတွင်း နို့စားနွား(ဒေသ)မွေးမြူမှုပိုမိုတိုးတက်စေရေးနှင့် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး လည်ချောင်းကွဲရောဂါ  ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။


 သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages