ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ



MNP ၊ ဇူလိုင် ၁

နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းအား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့(၁၆:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။


အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ၊ လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စတို့ကို ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုများရပ်တန့်ရေး၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေမှုများအား အစိုးရ၏ ဦးစားပေးအစီအစဉ်များ အဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ်အခြေခံပြီး အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိပြုခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏အဓိကမူများကို လေးစားလိုက်နာရန်နှင့် အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့ကြသည်။


ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)