MNP - ဇူလိုင် ၁၉
မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျွဲနွား ထောင့်သန်းရောဂါ ကာကွယ်ဆေး(အခမဲ့) ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ကန်သာကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရ သည်။
တိရစ္ဆာန်ရောဂါ ထိန်းချုပ်မှုဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်အဖြင့် မိတ္ထီလာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်က ကျွဲနွားအရေပြားအကျိတ်နာရောဂါ အကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါက်တာ သန့်ဇင်အောင်က ကျွဲနွားထောင့်သန်းရောဂါအကြာင်း အသိပညာပေး ဟောပြောခဲ့ ပြီး တိရစ္ဆာန်ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ၎င်းဟောပြောပွဲသို့ တက်ရောက်လာ သော ဒေသခံပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်နှင့် ဝန်ထမ်းများက ရေဝေကျေးရွာအုပ်စု ကန်သာကျေးရွာရှိ ဒေသခံပြည်သူများ မွေးမြူထားသော နွား ၄၆၅ ကောင်အား ကျွဲနွား ထောင့်သန်းရောဂါ ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးနိုင်ထံမှ သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment