ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၅၅၈၁၇၀ ဦးထိုးနှံပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ၅၅၈၁၇၀ ဦးထိုးနှံပြီးစီး

 

9

MNP - ဇူလိုင်  ၂၅


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ဇူလိုင် ၂၁ ရက်နံနက်ပိုင်းအချိန်ထိ ၅၅၈၁၇၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံကသိရသည်။


ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ်နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးထိုးပြီးသူ ၂၆၇၄၉၀ ဦးထိုးနှံပေးပြီးဖြစ်ကာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင်ကို ဗစ်ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၂၉၀၆၈၀ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ၅၅၈၁၇၀ ဦးထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့်ဒေသများနှင့် လာရောက် ဆေးထိုးရန်မလွယ်ကူသည့်နေရာဒေသများသို့လည်း နယ်လှည့်ကိုဗစ်ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံကသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages