သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း၌ ရေဝင်နစ်မြုပ်မှုဖြစ်ပွားနေသည့် ငါးဖမ်းစက်လှေပေါ်မှ လှေသားများအား တပ်မတော်စစ်ရေယာဉ်ဖြင့် ကူညီကယ်ဆယ်

017

MNP ၊ ဇူလိုင် ၁၉

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ရေယာဉ်သည် ယနေ့နံနက် ၁ နာရီခန့်တွင် အပေါ်ရီကျွန်း၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်လျက်ရှိသော ငါးဖမ်းစက်လှေ ၁ စီးအား တွေ့ရှိသဖြင့် ကူညီကယ်ဆယ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် လှေသား ၅ ဦးလိုက်ပါ၍ ဇူလိုင် ၁၈ ရက်ညနေပိုင်းတွင် သဗြုချိုင်ကျေးရွာမှ ပင်လယ်ပြင်သို့ ငါးဖမ်းရန်ထွက်ခွာလာစဉ် လှေဦးအောက်ခြေမှပွင့်ထွက်၍ ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်စစ်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှေသားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages