MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ် ရင်းတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များရှိ အထင်ကရနေရာများဖြစ်သော ရမ္မာဝတီခန်းမ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မြို့မကျောင်း၊ သာသနာ့ဗိမာန်အဆောက်အဦနှင့် နာရီစင်အရှေ့ဘက်ကွင်း စသော နေရာများသို့သွားရောက်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များအား စုရပ်နေရာများနေရာအသီးသီး သတ်မှတ်ထားရှိပြီး အဖွဲ့(၁) တွင်ပါဝင်သည့် တာဝန်ကျအဖွဲ့မှ ရမ္မာဝတီခန်းမဆောင်ဝန်း အတွင်း/အပြင် သန့်ရှင်းရေးအား လည်းကောင်း၊ အဖွဲ့(၂)တွင် ပါဝင်သည့်တာဝန်ကျအဖွဲ့မှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မ ကျောင်းခြံဝန်းအတွင်း/အပြင်သန့်ရှင်းရေးအားလည်းကောင်း၊ အဖွဲ့(၃)တွင် ပါဝင်သည့်အဖွဲ့မှ သာသနာ့ ဗိမာန်အဆောက်အဦခြံဝန်း အတွင်း/အပြင် သန့်ရှင်းရေးအားလည်းကောင်း စုပေါင်းဆောင်ရွက်ခဲ့သည်။ ယင်းနောက် အဆိုပါအဖွဲ့သည် နာရီစင်နှင့် နာရီစင်အရှေ့ဘက်အခြမ်းရှိ ကွင်းပြင်နေရာသို့သွားရောက်ပြီး ပြည်သူများစွန့်ပစ်ထားရှိသည့် အမှိုက်များကို အမှိုက်အိတ်များထဲသို့ထည့်ကာ သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ အမှိုက်များအားသန့်ရှင်းရေးပြုလုပ်ခြင်း စသည့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ နယ်မြေခံရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူအင်အား ၃၇၀ ကျော်တို့မှ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျောက်ဖြူတပ်နယ်မှ ဗျူဟာမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment