ရွှေကူမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေကူမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်

 

6


MNP - ဇူလိုင်   ၂၃


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ် ချုပ်ရေးမှူး၏ ရုံးခန်းအတွင်း ယမန်နေ့ မွန်းလွဲ ၂  နာရီခန့်က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပ ပြုလုပ်မည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်မိုးသွင်၊ အဖွဲ့ဝင် ဦးကျော်လင်း၊ မြို့နယ်ပညာ ရေးမှူး ဦးအောင်ဆွေ၊ သစ်တောဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ၊ မြို့နယ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရွှေလုပ်ငန်းရှင် များအသင်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုး ရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရေး မြို့နယ်လုပ်ငန်း ကော်မတီ ဖွဲ့စည်းခြင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ရွေးချယ်လေ့ကျင့်နိုင်ရေး လုပ်ငန်း ဆိုင်ရာများကို  အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ခင်ပပသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages