MNP - ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရေးအတွက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့မှုအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းက ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများအလိုက်ပြည်သူများအား ပထမအကြိမ်(Covaxin)ထိုး နှံမှုအခြေအနေများ၊ ဒုတိယအကြိမ်(Booster Covid Shield)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ စက်မှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Center အားသွားရောက်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက စင်တာဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေး၊ ညွှန်ကြားချက်များအတိုင်း ကာကွယ်ဆေးထိုးနှံ ရန်ပြည်သူမကျန်ရှိစေရေး၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ ဈေးများအပါအဝင် လူစည်ကားရာနေရာများတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - လှလှထွေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment