စဉ့်ကိုင်မြို့နယ် မြို့ဝန်ကုန်းအခြေခံပညာမူလတန်းကျောင်းတွင် နွားနို့နှင့်ကြက်ဥအာဟာရတိုက်ကျွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စဉ့်ကိုင်မြို့နယ် မြို့ဝန်ကုန်းအခြေခံပညာမူလတန်းကျောင်းတွင် နွားနို့နှင့်ကြက်ဥအာဟာရတိုက်ကျွေး

 

85

MNP - ဇူလိုင်  ၂၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့ဝန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် နွားနို့နှင့်ကြက်ဥအာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါနွားနို့အဟာရတိုက်ကျွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာန ဆိုင်ရာမှတာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းညွန့်လှိုင်နှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့်ခိုင်နှင့် ဆရာမများက ကျောင်းသား/ကျောင်းသူများအားနွားနို့နှင့်ကြက်ဥဟာရများ တိုက်ကျွေးခဲ့ကြသည်။


မြို့ဝန်ကုန်းအခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ(၁၄၀)ဦး၊ စုစုပေါင်း (၂၆၀)ဦးအား နွားနို့နှင့်ကြက်ဥအာဟာရများ တိုက်ကျွေးခဲ့ရာ ကလေးသူငယ်များခန္ဓာကိုယ် ဖွံ့ဖြိုးပြီးကျန်းမာသန်စွမ်း၍ ညဏ်ရည်ဉာဏ်သွေး ကောင်းမွန်စေခြင်း၊ ကျောင်းနေအရွယ်ကလေးများ နွားနို့နေ့စဉ်သောက်သုံးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်အာဟာရဓာတ် ပြည့်ဝပြီးဘေးအန္တရာယ် ကင်းရှင်းသောနွားနို့သောက်သုံးခြင်းဖြင့် လုံလောက်သောအာဟာရဓာတ် အပြည့်အဝရရှိစေမှာဖြစ်ကြောင်းနှင့်နွားနို့နှင့်ကြက်ဥအာဟာရများကို အပတ်စဉ်တိုက်ကျွေးသွားမှာဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းညွန်းလှိုင်ထံက သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages