တောင်ဒဂုံ ၂၄ ရပ်ကွက်မှ ရာအိမ်မှူး ၂ဦး မြောက်ဒဂုံ ထားဝယ်ချောင် ရဲစခန်းမှူးက အမှုဖွင့်လှစ်ထားပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်ဒဂုံ ၂၄ ရပ်ကွက်မှ ရာအိမ်မှူး ၂ဦး မြောက်ဒဂုံ ထားဝယ်ချောင် ရဲစခန်းမှူးက အမှုဖွင့်လှစ်ထားပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရ

039

MNP ၊ ဇူလိုင် ၂

တောင်ဒဂုံမြို့နယ်တွင် ငွေတုဖြန့်ဝေသူများက ၁၀၆ အုပ်ချုပ်ရေးမှူးရုံးတွင် ကူညီဆောင်ရွက်နေသူတစ်ဦးက ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ငွေတုလုပ်သူများက မြောက်ဒဂုံရဲမှ တဆင့် မမှန်မကန် ပြန်လည်တိုင်ကြားခြင်းကြောင့် ၁၀၆ ရပ်ကွက် အုပ်ချုပ်မှူးရေးရုံးမှ မြတ်မင်း အပါအဝင် ၂၄ ရပ်ကွက်မှ ရာအိမ်မှူး ၂ဦးကိုပါ မြောက်ဒဂုံ၊ ထားဝယ်ချောင်းရဲစခန်းမှ အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူတစ်ဦးက "ဖြစ်စဉ်က အဲဒီနေ့ ၁၀၆ အုပ်ကြီးရဲ့ကားကို အုပ်ချုပ်ရေးမှူးရုံးမှာ ကူညီပေးနေတဲ့ မြတ်မင်းက သူသွားစရာ ရှိလို့ ခဏယူသွားမယ်လို့ ပြောတယ်။ အဖော်မပါတဲ့အတွက် ၂၄ ရပ်ကွက်က ရာအိမ်မှူး ၂ယောက်ကိုပါ ခေါ်သွားတယ်။ သွားတဲ့အကြောင်းကိစ္စကို မသိရဘူး။ ပြဿနာက ဘယ်လို တက်လဲဆိုတော့ မြတ်မင်းက ငွေတုဖြန့်တဲ့ကောင်တွေနဲ့ ချိန်းထားတာ။ တွေ့တော့ ငွေတုဖြန့်တဲ့ကောင် ၂ကောင် မိတယ်။ ၁ကောင်ကို ပြန်လွှတ်ပေးပြီး ငွေနဲ့ ရွေးခိုင်းတယ်ပြောတာပဲ။ မြတ်မင်းက သူ အဲဒီလိုလုပ်ခဲ့တာကိုလည်း ဝန်ခံထွက်ဆိုတယ်။ ကျန်တဲ့သူ ၂ယောက်က ကားပေါ်မှာ အဖော်လိုက်ပေးတာပဲ ရှိတယ်။" ဟု ပြောသည်။

မြတ်မင်း ပြန်လွှတ်ပေးလိုက်သည့် ငွေတုဖြန့်ဝေသူက ထားဝယ်ချောင်ရဲစခန်းသို့ ဖမ်းဆီးပြီး ငွေတောင်းပါတယ် ဟု လီဆည်တိုင်ကြားခဲ့ခြင်းကြောင့် ထားဝယ်ချောင်ရဲစခန်းက လာရောက်ဖမ်းဆီးပြီး တောင်ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ကြောင်း၊ ငွေတုဖြန့်ဝေသူများကို ငွေတုဖြန့်ဝေမှုဖြင့် အမှုဖွင့်ထားပြီး မြတ်မင်းကို ငွေကြေးလိမ်လည်တောင်းခံမှုဖြင့် အမှုဖွင့်ထားကြောင်း၊ ၂၄ ရပ်ကွက်မှ ရာအိမ်မှူး ၂ဦးကိုပါ လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

၁၀၆ အုပ်ချုပ်ရေးမှူးက ရာအိမ်မှူးများ၏ လက်နက်မဟုတ်ကြောင်း၊ အကြမ်းဖက်သမားမားနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ခုခံနိုင်ရန် ကားပေါ်တွင် ထားခြင်းဖြစ်ကြောင်း ပြောသော်လည်း ထားဝယ်ချောင်ရဲစခန်းမှူးက လက်မခံဘဲ ကာလရှည်ကြာ ချုပ်နှောင်ထားကြောင်း သိရသည်။

ဖမ်းဆီးခံရသော ရာအိမ်မှူး ၂ဦးသည် တောင်ဒဂုံ ၂၄ရပ်ကွက်နှင့် ၂၅ ရပ်ကွက်တို့တွင် ကူညီဆောင်ရွက်ပေးနေသူများ ဖြစ်ကြောင်း "ကျွန်တော်တို့က ဒီရာအိမ်မှူး ၂ဦးဟာ ဒီလို နာမည်ပျက်ရှိတဲ့သူတွေလည်း မဟုတ်ဘူး။ ငွေတုလုပ်တဲ့သူတွေကိုလည်း မိပြီ။ မြတ်မင်းကလည်း သူအဖော်ခေါ်လာခြင်းဖြစ်ကြောင်း ပြောတယ်။ ဘာမှ မသိဘဲနဲ့ အဖော်လိုက်ပေးခဲ့မိတယ်ဆိုတာကို ရှင်းပြတာကိုလည်း လက်မခံဘူး။ ဒီကာလမှာကဗျာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ တော်တော်တန်တန် စိတ်ဓာတ်နဲ့ လာကူညီနေခိုင်းလို့ မရဘူး။ ဒီရာအိမ်မှူး ၂ယောက်ဆိုရင် ၂၄ ဘက်မှာ လိုအပ်ရင် ၂၄ရပ်ကွက်ဘက် ပြေးလိုက်၊ ၂၅ ရပ်ကွက်မှာ အကြောင်းကြီးငယ်ပေါ်ရင် ၂၅ ရပ်ကွက်ဘက်လာလိုက် သူတို့လုပ်ပေးနေတာ။ ဒါကိုတော့ တာဝန်ရှိသူတွေအနေနဲ့ စဉ်စားပေးဖို့ကောင်းတယ်။ တောင်ဒဂုံရဲစခန်းမှူးက ဒီက အုပ်ချုပ်ရေးမှူးတွေရဲ့ တင်ပြမှုကို လက်ခံတယ်။ အခုဟာက မြောက်ဒဂုံကနေ လာဖွင့်ထားတဲ့အမှုဆိုတော့ ကြန့်ကြာနေတယ်။" ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages