MNP ၊ ဇူလိုင် ၂
ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံ ပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင် ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းအားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိရာ ဇူလိုင် ၂ ရက် နံနက်၁၀ နာရီခွဲတွင်ကျိုက်ထိုမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ဒုတိယအသုတ်အဖြစ် ကိုဗစ်ရောဂါကာကွယ်ဆေးအား ပထမအသုတ်ထိုးနှံထားသည့် ကျောင်းသားကျောင်းသူ(၄၀၂)ဦးအားထိုးနှံပေးခဲ့သည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ကျန်းမာရေးဌာနဝန်ထမ်းများ ၊ ဆရာ/ဆရာမများ ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘ/အုပ်ထိန်းသူမှ သဘောတူကြောင်း လက်မှတ်ရေးထိုးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စိုးရိမ်ရသည့်ရောဂါ လက္ခဏာ ရှိ/မရှိ မေးမြန်းပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ထိုးနှံပေးခဲ့
သည်။
ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ရက်များအတိုင်း အခြေခံပညာကျောင်းများသို့သွား ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost
No comments:
Post a Comment