MNP - ဇူလိုင် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပညာရေးဌာနမှကြီးမှူး၍ ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် မြို့နယ်အဆင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့သည်။
ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ အဆိုပါစာစီစာကုံးပြိုင်ပွဲကို "ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်စေခဲ့ကြောင်း၊ ပြိုင်ပွဲသို့ ကျောက်မဲမြို့ အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထက (၄) နှင့် အထက(ခွဲ)အလက(၃) တို့မှတစ်ကျောင်းလျှင် ကျောင်းသား/ကျောင်းသူ ၂ ဦးနှုန်းဖြင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယင်းမြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲမှ အကောင်းဆုံးပြိုင်ပွဲဝင်တစ်ဦးကို ရွေးခြယ်ပြီး ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲသို့ ထပ်မံစေလွတ်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
သတင်း - မိုင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment