ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၂


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်တက္ကသိုလ် အားကစားနှင့် ကာယပညာ ကော်မတီက ကြီးမှူးကျင်းပ‌သော ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။


ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဗိုလ်လုပွဲတွင်  သမိုင်းဘာသာရပ်အသင်းက ဥပဒေ ဘာသာရပ်အသင်းအား (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ပထမဆုတံခွန်စိုက်ဖလား ဗိုလ်စွဲ ရရှိကာ ဥပဒေဘာသာရပ်အသင်းက ဒုတိယဆုနှင့် အရှေ့တိုင်းဘာသာရပ်အသင်းက တတိယဆုတို့ အသီးသီးရရှိခဲ့သည်။


အဆိုပါ ဆုအသီးသီးဆွတ်ခူးရရှိခဲ့သော အသင်းများအား တစ်ဦးချင်းဆုတံဆိပ် အပါအဝင် အကောင်းဆုံး နောက်ထိန်းအားကစားသမားဆု၊ အကောင်းဆုံး အထောင် အားကစားသမားဆု၊ အကောင်းဆုံးရိုက်ချက် အားကစားသမားဆု၊ ပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် ပထမဆုတံခွန်စိုက်ဖလားဆု တို့ကို ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်နှင့် ဘာသာရပ်အလိုက် ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက အသင်းအလိုက် အားကစားသမားများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ပြည်တက္ကသိုလ် မိုးလုံလေလုံ အားကစားရုံ၌ တက္ကသိုလ်၏ ဌာနအသီးသီးရှိ ဘာသာရပ်ပေါင်းစုံမှ သုံးယောက်တွဲ အသင်း(၁၂) သင်းဖြင့် အုပ်စု(၄)ခုခွဲ၍ ဇွန် ၂၉ ရက်မှ ဇူလိုင် ၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်တက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ များ ကျန်းမာ ပျော်ရွင်ရေးနှင့် ကာယ၊ ဉာဏစွမ်းရည်များ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ပိုက်ကျော်ခြင်း အားကစားအပါအဝင် စားပွဲတင် တင်းနစ်နှင့် စစ်တုရင်အားကစား ပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက်ရှိ ကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူထံမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)