MNP - ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီက မုံရွာမြို့၊ နတ်လူထိပ္ပန် ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် မိဘပြည်သူများနှင့် တွေ့ဆုံ၍ လိုအပ် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ အခမ်းအနားတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက နယ်မြေ တည်ငြိမ်လုံခြုံရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး မည့်အခြေအနေ များအားလည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှ ဒေသတွင်းလုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီးနောက် ပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ခရိုင်အဆင့် ဌာန ဆိုင်ရာများက မိမိတို့ဌာန အလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးတို့အပြင် လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် ပြည်သူများအတွက် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် နတ်လူထိပ္ပန် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံး အမိုးမျက်နှာကျက်များ ပြုပြင်ပေးရေးနှင့် နံရံများဆေးသုတ်ပေး ရေး၊ အမှတ်(၂)ရပ်ကွက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းအရှေ့၊ အနောက်၊ တောင်၊ မြောက် ကျောင်းဝန်း အုတ်တံတိုင်းခတ်ပေးရေး စသည်ဖြင့် လိုအပ်ချက်များကို ဆောင်ရွက်ပေးစေရေး တို့အတွက် ရှင်းလင်တင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဆိုပါနေရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများမှ ရပ်ကွက်အတွင်းရှိ ပြည်သူများ အား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေးထိုးပေးနေမှုများနှင့် အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေးနေမှုတို့အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment