“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

 

8


MNP - ဇူလိုင်   ၁၉


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် ဦးဆောင်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ  (၁၂)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန်မြို့နယ် တွင် ဝါဆိုကြမည့် သံဃာတော်များအား စုပေါင်းဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲကို သာသနာ့ရောင်ခြည်ကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ပြုလုပ် သွားမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ကုသိုလ်ရေးပွဲဖြစ်သည့်အတွက် သက်ဆိုင်ရာ ကော်မတီဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက မိမိတာဝန်ကျရာ ကဏ္ဍ အသီးသီးမှ ပေါင်းစပ်ညှိနှိုင်း၍ စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းပူးပေါင်း စေလိုကြောင်းစသည့်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက (၁၂)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးအပ်ထားသည့်  အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ် ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆို နေရာချထားရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ လုံခြုံရေးဆပ်ကော်မတီများနှင့် ဘဏ္ဍာ ငွေရှာဖွေရေး၊ လှူဖွယ်ပစ္စည်းလက်ခံရေးနှင့် ဆက်ကပ်လှူဒါန်းရေး ဆပ်ကော်မတီ စသည့် ကော်မတီအဖွဲ့ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပြုလုပ်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက သက်ဆိုင်ရာ ဆပ်ကော်မတီများ၏ ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းတာဝန်များ၊ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။


ထို့နောက် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က ၂၀၂၂ ခုနှစ်၊ (၁၂)ကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်း ဆွမ်းဆန်တော်၊ ဆီ၊ ဆေး၊ ဆား ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပေးအပ်ထားသည့် ဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများတွင်  စိတ်အားထက်သန်စွာဖြင့် ပိုမိုအားထည့် ပြုလုပ်ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် ဆွေးနွေးမှာကြားခဲ့သည်။


အဆိုပါ  အစည်းအဝေးသို့ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်တာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ  တက်ရောက်ခဲ့ကြောင်း သိရ သည်။


သတင်း - ဇင်ဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages