ရာသီစာမှိုများရှာဖွေရောင်းချခြင်းဖြင့်ပုပ္ပားတောင်မကြီးပတ်ဝန်းကျင်ကျေးရွာများမှရာသီ စာမှိုရှာဖွေရောင်းချသူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရာသီစာမှိုများရှာဖွေရောင်းချခြင်းဖြင့်ပုပ္ပားတောင်မကြီးပတ်ဝန်းကျင်ကျေးရွာများမှရာသီ စာမှိုရှာဖွေရောင်းချသူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေ


22


MNP - ဇူလိုင်   ၃၁


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁မိုင်ခန့်အကွာတွင်တည်ရှိသည့် ပုပ္ပားတောင်မ ကြီးမှထွက်ရှိသည့်ရာသီ ပေါ်မှိုများရှာဖွေကောက် ယူရောင်းချခြင်းဖြင့် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီစာမှိုအမျိုးမျိုးမိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း လဲဂွကျေးရွာ မှိုရှာဖွေရောင်းချနေသူ ဦးကျော်ရွှေထံကသိရသည်။


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်(၁၁) မိုင်ခန့်အကွာတွင်ရှိသည့် ပုပ္ပားတောင်မကြီးသည်ရာသီပေါ် မှိုအမျိုးမျိုးထွက်ရှိသည့်တောင်ဖြစ်ရာ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများ ရာသီစာမှိုအမျိုးမျိုးရှာဖွေကောက်ယူ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေကောင်းနေကြကြောင်းသိရသည်။ပုပ္ပားတောင်မကြီးမှ ထွက်ရှိသည့် မှိုများဖြစ် သည့် အင်မှို၊ ထိတိုင်းနက်မှို၊ မှိုဘီးကျဲ၊ မှိုဘီးစိမ်၊ ငှက်စွပ်မှို၊ ဖက်စွပ် မှို၊ မှိုနီစပ်၊ ဝါးရင်းမှို၊ ဖိုးသူ တော်မှို၊ ကိုယ်ရင်မှို၊ကြက်တောင်မှို၊ ကျင်းမှို၊ ဝါဆိုတောင်ဘို့မှုနှင့် ဆီးဖြူမှိုများအားရှာဖွေ ကောက်ယူရောင်းချကြကြောင်း လက်ပံအိုင့်ကျေးရွာ ဦမောင်ဆန်း ကရှင်းပြ၍သိရသည်။ ပုပ္ပားတောင်မကြီးပေါ်တွင်မောက်မိုးရွာသွန်းမှုများခြင်းများက မှို ပေါက်နှုန်းကောင်းမွန်စေပြီး ထွက်ရှိသည့်မှိုများသည်လည်း အဆိပ်အတောက်ရှိသည့်မှို အလွန်နည်းပါးကြောင်း၊ အဆိပ် အတောက်မှိုကိုလည်း မှိုရှာဖွေရောင်းချသည့် ဒေသခံများကသိရှိကြောင်း၊ မှိုခြင်တောင်နှင့် မှိုအားဖဲ့ချိုးလိုက်ပါကအစေးထွက်လျှင် အဆိပ်အတောက်ရှိကြောင်း ထိုမှိုများကို မှိုရှာဖွေ ကောက်ယူသူများသိထားသည့်အတွက်မကောက်ယူကြကြောင်းလည်း သိရသည်။


ပုပ္ပားတောင်မှထွက်ရှိသည့်မှိုများအနက် ကျင်းမှိုနှင့်ဝါဆိုတောင်ပို့မှို၊ ဝါးမှိုများသည် ဈေးနှုန်း အထူးကောင်းမွန်ကြပြီး ကျင်းမှိုနှင့်ဝါဆိုတောင်ပို့မှိုသည် တစ်ပိသာ လေးသောင်းကျပ်ထိရောင်း ချနေရကြောင်း၊ အဆိုပါမှိုများသည် ပေါက်သည့်မှိုကျင်းနှစ်စဉ်ပေါက်လေ့ရှိ ပြီး မှိုရှာဖွေရောင်းချ သူများ ပေါက်သည့်နေရာအားမှတ်သားထားပြီး မြန်မာလဝါကြီးထပ်သည့်နှစ် ၊မထပ်သည နှစ်မှတ်သားကာ ရှာဖွေလေ့ရှိကြောင်းသိရသည်။ကျင်းမှိုနှင့်ဝါဆို တောင်ပို့မှိုတို့အားယာပိုင်ရှင်ရှိသည့် မည်သည့်နေရာနှင့်တွေ့ရှိသည့်မည်သည့်နေရာမဆို မှိုတွေ့ရှိသူက အမှတ်အသားပြုလုပ် ဝိုင်းထားလျှင် မှိုမနှုတ်ခင်အချိန်ထိ မှိုတွေ့ရှိသူကပိုင် ကြောင်းလည်းဒေသခံများကပြောကြားသည်။ဝါးမှိုသည် ဝါးရုံခြောက်သွေ့သေသွားခြင်းမှ ပေါက်လာရာ မှိုများထဲတွင် ဟင်းရည်သောက် ချက်စားရာတွင်အထူးကောင်းမွန်သော်လည်းပေါက် ရောက်မှုနည်းကြောင်း ကံကောင်းသူများသာတွေ့ရတတ်ကြောင်း မှိုရှာဖွေသူဒေသခံများကရှင်းပြသည်။ ကျောက်ပန်းတောင်းမြို့ ဈေး ကွက်သို့ ပုပ္ပားတောင်မကြီးထွက် ရာသီစာမှိုများဝင်ရောက်လာရာ ပေါ်ဦးပေါ်ဖျားမှိုများ (ကျင်းမှို၊ဝါဆိုတောင်ပို့)မှိုမှလွဲ၍ ၂၅ကျပ်သား ၂၀၀၀ကျပ်ရောင်းချနေရခြင်းကြောင့် မိသားစု ဝင်ငွေတွက်ခြေကိုက်နေကြပြီး မှိုရှာဖွေရောင်းချမှုများနေကြောင်းလည်းသိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages