MNP - ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်(၂)ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံ ပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစစ်ဆေးရေးကတ်ပြား ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊နည်းဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်တို့က သွားရောက်ကြည့်ရှု အားပေးကြ ကြောင်း သိရသည်။
သတင်း - သန်းလူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment