MNP ၊ ဇူလိုင် ၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့၌ ကျောင်းတက်ချိန်တွင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာနှင့် အေးချမ်းပျော်ရွင်စွာ ပညာသင်ကြားခွင့်နှင့် ပညာသင်ယူခွင့် ရရှိနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့ နံနက်ပိုင်းတွင် အ.လ.က(ခွဲ)ကင်းရုံး(၁)ကျောင်း ခြံဝန်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ပါဝင်သော စုစုပေါင်းအင်အား (၂၀၀)ဦးတို့က အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ ကင်းရုံး(၁)ကျောင်းဝန်း အတွင်းရှိ သစ်ပင်၊ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment