ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုေးပွဲအခမ်းအနားပြုလုပ်ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုေးပွဲအခမ်းအနားပြုလုပ်ကျင်းပ

71


MNP - ဇူလိုင်   ၂၃


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်း၏ မိုးရာသီမေဂျာပေါင်းစုံ အမျိုးသား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံး ကွင်းကြီး၌ ကျင်းပပြုလုပ်သည်။


ဗိုလ်လုပွဲတွင် EP(A) အသင်းနှင့် Civil(A) အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယပိုင်း မိနစ်(၉၀) ပွဲပြီးဆုံးချိန်အထိ တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်သာ ရရှိခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်အဖြစ် ဆက်လက်ကစားခဲ့ရာ EP(A) အသင်းမှ Civil(A) အသင်းကို လေးဂိုး သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဂိုးသွင်းအများဆုံးဆု၊ ဂိုးအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တတိယဆုရရှိသည့် IT(A)အသင်းကို လည်ဆွဲနှင့် ငွေသားဆု၊ ဒုတိယဆုရရှိသည့် Civil (A) အသင်းကို  လည်ဆွဲနှင့် ငွေသားဆု၊ ပထမဆုရရှိသည့် EP(A) အသင်းကို လည်ဆွဲ၊ ငွေသားဆုနှင့် ပထမဒိုင်းဆုအား တာဝန်ရှိ သူများက ပေးအပ်ချီးမြှင့်ခဲ့ သည်။


အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages