MNP ၊ ဇူလိုင်၂
ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ်၌ဌာနဆိုင်ရာဝန်ထမ်းများအပတ်စဉ် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်းကို ယနေ့နံနက်၇နာရီက ရန်အောင်မြင်စေတီတော် အတွင်း/အပြင်ရှိ ချုံနွယ်ပိတ်ပေါင်းများအားရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်းစသည့် သန့်ရှင်းရေးများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင်နှင့်အဖွဲ့ဝင်များကကြီးကြပ်ပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအင်အား၁၅၀ဦးခန့်ကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment