ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဓနုဖြူမြို့နယ်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကျင်းပ

 

52


MNP - ဇူလိုင်    ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.မ.က(ရေတွင်းကုန်း)နှင့် အ.မ.က(မြို့သစ်) ကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။


အသိပညာပေးဟောပြောရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူက အမှိုက်အကြောင်းသကောင်းစရာများ၊ အမှိုက်အမျိုးအစားများ၊ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့ရန် ကြာမြင့်မှုသက်တမ်းများ၊ အမှိုက်စွန့်ပစ်မှုအလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။


ထို့နောက် ကျောင်းသား/ကျောင်းသူများ၏ ပြန်လည်မေးမြန်းချက်များအား ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး အမှိုက်ပုံးများ၊ နှာခေါင်းစည်း (Mask) များအား ကျောင်းအုပ် ဆရာမကြီးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages