MNP - ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ အပတ်စဉ် လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေး အလေးထားမပြတ်ဆောင်ရွက်ရန်၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးဆောင်ရွက်ရန်၊ ကျောင်းလုံခြုံရေး အမြဲမပြတ်ဆောင်ရွက်ရန်၊လူစိမ်း လူဝင်၊ လူထွက် သတင်းပို့ရန်၊ ဧည့်စာရင်းစစ်ဆေးဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ်အချိန်နှင့် တစ်ပြေးညီပေးပို့ရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံး၊ သွန် လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ခြုံနွယ်များရှင်းလင်းဆောင် ရွက်ရန်၊ ကာကွယ်ဆေး ထိုးကျောင်းသား၊ Booster Dose ပြီးစီးအောင်ဆောင်ရွက်ရန်၊ ရပ်ကျေးကြီး ကြပ်ရေးအဖွဲ့ဖွဲ့စည်းထားပြီး မြေပြင်လူဦးရေစာရင်း ၁(က) မှန်ကန်အောင်စာရင်းကောက်ယူ တင်ပြဆောင်ရွက်ရန်၊ ၆၆/၆စာရင်းရေးသွင်းနေမှု စိစစ်၍ လဝက၊ ကော်မရှင်၊ ထွေအုပ် စာရင်းတွင် ပြင်ဆင်ဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ မိုးသီးနှံ၊မိုးစပါးစိုက်ဧကပြည့်မီ ကျော်လွန်ရေး တောင်သူများအား တာဝန်ပေးအပ်၍ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ရန်၊ စိုက်ဘဏ်ချေးငွေ ဆပ်ထုတ်ဆောင်ရွက်ရန်၊ သ/မ ချေးငွေပေးဆပ်ရန်၊ ကော်မရှင် ၁၈ နှစ်ပြည့် သေဆုံး၊ ပြောင်းဝင်၊ ပြောင်းထွက် စာရင်းပေးပို့ဆောင်ရွက်ရန်၊ နှစ် ၁၀၀ ကျော်ရှေးဟောင်းအဆောက်အဦးများ မူလလက်ရာမပျက် ပျက်စီးမှုမရှိစေရေးထိန်းသိမ်းနိုင်ရေး စီမံဆောင်ရွက်ရန်၊ အခွန်(၄) မျိုးကောက်ခံပေးသွင်းရေးဆောင်ရွက်ရန်၊ တရားမဝင် အုတ်၊ သဲ၊ ကျောက်လုပ်ငန်း ဆောင်ရွက်မှု မရှိစေရေး ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်တို့ကို အသေးစိတ်မှာ ကြားပြီး ပြန်လည်ဆွေးနွေးချက်များအပေါ် လိုအပ်သည်များဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment