ကော့မှူးတွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကော့မှူးတွင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

88

89


MNP - ဇူလိုင်  ၂၇


ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝ က ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဖြင့်လုပ်ငန်းများ ဆောင်ရွက်နေသည့်ဌာနဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား တင်ပြရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပူးပေါင်းဆောင်ရွက်ရန်၊ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်ကြရန်၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ရပ်ကွက်ကျေးရွာများအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြရန်၊ ကိုဗစ်ဆေးထိုးနှံရန်ကျန်ရှိသော သံဃာတော်များအား ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး စစ်ဆေးဆောင်ရွက်ကြရန်နှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ အပတ်စဉ် ဆောင်ရွက်ကြရန် ပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇော်မင်း က တရားစီရင်ရေး ကိစ္စများနှင့် ပတ်သက်၍ အချိန်ကြန့်ကြာမှုမရှိစေရေး တာဝန်ရှိသူများက သေချာစွာ စစ်ဆေးဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် အမြန်ဆုံးအေးချမ်းသာယာရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများက သက်ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကျော်သူရ


No comments:

Post a Comment

Donate and Support

Pages