MNP - ဇူလိုင် ၂၃
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာမှ မြစ်ပါးပြိုမှုကြောင့် ကြိုတင်ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်(၅)လုံးအတွက် သံတွဲခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသည့်ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်က တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်-၅၀၀၀၀ဝိ၊ လူဦးရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀ဝိ) စုစုပေါင်းထောက်ပံ့ငွေ(၅၄၂၀၀ဝိ)နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှထောက်ပံ့သော Family Kit (၅)ဘူးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment