ဂွချောင်းတံတားတွင် လူနှင့်(၃)တန်ယာဉ်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ပြီး အန္တရာယ်ကင်းဝေးစေရန် ပရိတ်တနားနာ ရွတ်ဖတ်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွချောင်းတံတားတွင် လူနှင့်(၃)တန်ယာဉ်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ပြီး အန္တရာယ်ကင်းဝေးစေရန် ပရိတ်တနားနာ ရွတ်ဖတ်ပူဇော်



MNP ၊  ဇူလိုင်   ၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဂွ-ကျောက်ချွန်ကားလမ်းပေါ်ရှိ ဂွချောင်းတံတားအား ယနေ့မှစ၍ လူနှင့်(၃)တန်ယာဉ်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ အန္တရာယ်ကင်းဝေးစေရန် ပရိတ်တနားနာ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လမ်းတံတားအထူးအဖွဲ့(၈)မှ ဆောက်လုပ်ရေးတာဝန်ခံနှင့် ဌာနဆိုင်ရာများက  ဂွ-ချောင်းတံတား ဆောက်လုပ်ရေး ရှင်းလင်းဆောင်၌ သံဃာတော်ငါးပါးအား ပင့်ဖိတ်၍ အန္တရာယ်ကင်းဝေးစေရန် ပရိတ်တနားနာ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းနှင့် ဂွချောင်းတံတားပေါ်မှ လူနှင့်(၃)တန်ယာဉ်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

ဂွချောင်းတံတားမှာ အရှည်(၁၃၉၈)ပေ၊ ၉လက်မ၊ အကျယ်၃၁ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး၊  ၂၀၁၉၊ နိုဝင်ဘာလ  ၁၈ရက်နေ့ မှစတင်၍ တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၈)က ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ရာ ဇူလိုင်လ(၁)ရက် နံနက်(၁၀)နာရီအချိန်မှ လူနှင့်(၃)တန် ယာဉ်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)