ဇလွန်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဇလွန်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

77


MNP - ဇူလိုင်   ၂၂


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၉) စက်မှုလယ်ယာ စခန်းတွင်  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို  ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲ အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက စက်ကိရိယာသက်တမ်း ကြာရှည်အောင်ထိန်းသိမ်းနည်းများကို လက်တွေ့ လိုက်နာကျင့်သုံးကြရန်၊ လုပ်ငန်းခွင် တွင် အန္တရာယ်ကင်းရှင်းရေးအတွက် သင်ကြားပေးလိုက်သော ပညာရပ်များကို လက်တွေ့အသုံးချ သွားကြရန် နှင့် ပြန်လည်မျှဝေပေးရန်၊ ဆက်လက်ကြိုးစားသင်ယူသွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရ သင်တန်းသား (၃) ဦးအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages