သဲကုန်းမြို့နယ် စာရင်းရုံးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သဲကုန်းမြို့နယ် စာရင်းရုံးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

99


MNP - ဇူလိုင်  ၂၂


ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂ -၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၃၅.၉၇)သန်းဖြင့် မြိုနယ်စည်ပင် သာယာရေး အဖွဲ့မှ ပစ္စည်းတင်ဒါဖြင့် ဆောင်ရွက်သော စာရင်းရုံးလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံအေး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦအေးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခင်အေးလွင်တို့မှ ယနေ့နံနက် ပိုင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ သွားလာရေး ကောင်းမွန်စေရန် မြို့ပြလမ်း၊ တံတားလုပ်ငန်းနှင့် ရေပေးရေးလုပ်ငန်းများနှင့် မြို့သာယာလှပရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကွန်ကရစ်တံတား(၁၀)စင်း၊ ကွန်ကရစ်လမ်း (၁၁)လမ်း၊ ကျောက်ချောလမ်းတစ်လမ်း၊ ရေပေးရေးဂါလံ (၄၅၀၀)ဆံ့ရေစင်၊ ၄"စက်ရေတွင်းတစ်တွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။


သတင်း - ဝင့်နန္ဒာဌေး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Pages