MNP - ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ထွေ/အုပ် ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌဗိုလ်မှုးကျော်နိုင်ဦးက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မွန်ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်ရန် မွန်ရိုးရာပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်ရန် တတ်ကျွမ်းသည့် အတတ်ပညာရှင်များက သင်ကြားပြသပေးရန် လိုအပ်ပါကြောင်း ၊မွန်ရိုးရာ အဆို ၊ အက ၊အရေး၊ အတီး ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ ရိုးရာသည် မြန်မာတွင်သာမက ကမ္ဘာတွင်လည်း ထင်ရှားစေရန် ရည်ရွယ်ပါကြောင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြိုင်ပွဲ ဝင်များကို ဆုရရှိစေရေး ကြိုစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုအပ်သည့် အထောက်အပံ့များကိုလည်း ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
၂၀၂ဝခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ် (သိုမဟုတ်)စက်တင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - မွန်မလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment