ကျောင်းကုန်းမြို့ အ.ထ.က (၁) ၌ ဂါဒီယန်ဦးစိန်ဝင်း ပညာရည်ချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောင်းကုန်းမြို့ အ.ထ.က (၁) ၌ ဂါဒီယန်ဦးစိန်ဝင်း ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 

63


MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာဗိမာန်ခန်းမ၌ ဂါဒီယန်ဦးစိန်ဝင်း ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို Grade 5 ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီ ဥက္ကဋ္ဌဦးစိုးဝင်းက အလှူရှင်မိသားစုများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ဘဝကိုတိုးတက်အောင် ဆက်လက် ကြိုးစားကြပါလို့ပြောကြားခဲ့ပြီး၊ ကျောင်းအုပ် ဆရာကြီး ဦးဆန်းထွန်းက ကျွန်တော်တို့ အ.ထ.က (၁)မှ (၄) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၃) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၇) ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၁၀) ဦး ရှိခဲ့ကြောင်း ဝမ်းမြောက်စကား ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးဝင်းက ပညာရေးအလှူရှင်ဂါဒီယန် ဦးစိန်ဝင်း မိသားစုဝင် ဆရာကြီးဦးစိုးမြင့်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး၊ Grade-2 ကျောင်းသူလေးများက ကောက်စိုက်ချိန်သီချင်းဖြင့် သရုပ်ဖော်ကပြခဲ့သည်။ ဆက်လက်၍  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ထူးချွန် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး (၄) ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဂုဏ်ပြုသီချင်းသီဆိုသူများ၊ တီးခတ်သူနှင့် သရုပ်ဖော်ကပြဖျော်ဖြေသူတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages