ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်း စိုက်ပျိုး ရောင်းချသူများအဆင်ပြေ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဆည်မြို့နယ် ဥယျာဉ်ကျေးရွာတွင် ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်း စိုက်ပျိုး ရောင်းချသူများအဆင်ပြေ

 

22


MNP - ဇူလိုင်  ၂၄


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြသော်လည်း တောင်သူတစ်ချို့သည် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီနှင့် ပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်းစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။


ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငရုပ်စသည့် သီးနှံများစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု အခက်အခဲနှင့် သွင်းအားစုများပိုမိုသုံးစွဲရပြီး စိုက်ပျိုးရိတ်သိမ်းသည့်အခါ ဈေးကောင်းမရခဲ့ပါက တောင်သူများအနေဖြင့် များစွာဆုံးရှုံးမှုရှိကြောင်း၊ ထို့ကြောင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ဇွန်ပန်း (၆၀) ပင်၊ စံပယ် (၄၅) ပင်နှင့် ဆောင်းစံပယ် (၄၂) ပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချရာ အဆင်ပြေလျက် ရှိကြောင်း ဥယာဉ်ကျေးရွာမှ ပန်းစိုက်တောင်သူ ဦးဇော်ဝင်းအောင်က ပြောပြသည်။


ထိုသို့ စိုက်ပျိုးရောင်းချရာတွင် လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် အလင်းရောင် ကောင်းစွာ ရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၇) ထောင့်ခန့် စိုက်ပျိုးရကြောင်း ဇွန်ပန်းများအား တန်ခူးလမှ တော်သလင်းလအထိ နေ့စဉ်ခူးဆွတ်ရကြောင်းနှင့် ရောင်းချရာတွင် တစ်ရက်ဝင်ငွေမှာ တစ်သောင်းကျပ်မှ လေးသောင်းကျပ်အထိ ရရှိကြောင်း၊ စံပယ်ပန်းများအား တပိုတွဲလလယ်မှစ၍ တန်ခူးလယ်အထိ နေ့စဉ်ခူးဆွတ်ရကြောင်းနှင့် ရောင်းချရာတွင် တစ်ရက်ဝင်ငွေမှာ သုံးသောင်းကျပ်မှ လေးသောင်းကျပ်အထိ ရရှိကြောင်း၊ ဆောင်းစံပယ်ပန်းများကို သီတင်းကျွတ်လမှ ပြာသိုလ်လအထိ နေ့စဉ်ဆူးဆွတ်ရပြီး ရောင်းချရာတွင် တစ်ရက်ဝင်ငွေမှာ တစ်သောင်းကျပ်မှ နှစ်သောင်းခွဲကျပ်အထိ ရရှိကြောင်း ဦးဇော်ဝင်းက ရှင်းလင်းပြောပြ၍ သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages