(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်







MNP ၊ ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင်ရှေးဦးစွာ(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး၊စားသုံးသူရေးရာဦးစီးဌာ၊ ခရိုင်ဦးစီးမှူးဦးမင်းဆွေက ပြိုင်ပွဲကျင်းပမည့်အခြေအနေနှင့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးပြီး ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်းမှ ကျောင်းသူကလေးများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေသည်။

ထို့နောက်ပေါင်းထည်မြို့မှ အခြေခံပညာ(၁၀-၁၅)ကျောင်းသူကလေး မခိုင်ဆွေဇင်သွယ် က တပင်တိုင်အကဖြင့် ကပြဖျော်ဖြေပြီး ပေါက်ခေါင်းမြို့နယ်မှ အရှိုချင်းတိုင်းရင်းသားအဖွဲ့က ရိုးရာဝါးညှပ်အကဖြင့် ကပြဖျော်ဖြေပြီးနောက် ပြိုင်ပွဲများစတင်ကျင်းပခဲ့သည်။


သတင်း - ကိုစိုး(ပြည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)