MNP - ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မြန်အောင်မြို့နယ်အတွင်း မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများနှင့် မြန်အောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်သည် မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာနှင့် ကန်ဇွန်းခုံကျေးရွာ တို့တွင်(ဆင်းရွှေကြာ-၂)မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှု အားပေး၍ ကနောင်မြို့၊ အမှတ်(၅)ရပ်ကွက် ရိုက်စုရပ်ဘုရားကြီးကျောင်းတိုက်အတွင်းရှိ လောက မုနိန်မာရဇိန် ကြေးဆင်းတုဘုရားကြီးနှင့် လေးထပ်ရုပ်စုံတံကဲကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ မြန်အောင်မြို့နယ် ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ မြန်အောင်ခရိုင်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက တင်ပြကြရာ ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး မိုးနေကြာ ဖြစ်ထွန်းအောင်မြင်စေရေး ပေါင်းမြတ်ရှင်းလင်းခြင်း၊ မြေသြဇာကျွေးခြင်း လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ နေကြာပန်းပွင့်ချိန် ဝတ်မှုန်ကူးချိန်ဖြစ်၍ အလေးထားဆောင်ရွက်ရန် စိုက်ခင်းများကို ကောင်း၊ သင့်၊ ညံ့ ခွဲခြား၍ မှတ်တမ်းရေးသွင်းပြီး အထွက်နှုန်းပြည့်မီစေရေး ဆောင်ရွက်ကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ် စိုက်တိုးမြင့်အဖွဲ့မျာအား ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ကြောင်းကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment