လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်

 

86


MNP - ဇူလိုင်   ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်က ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ပြည်သူ့ဆက်ဆံရေး၏အဓိပ္ပါယ်၊ သတိပြုရမည့်အချက်များ၊ မှန်ကန်ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေးနည်းလမ်းကောင်းများ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဆင့်(၄)ဆင့် စသည့် ပြည်သူ့ဆက်ဆံရေးနှင့် ပတ်သက်၍လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre မိတ်ဆက်နှင့် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က သတင်းမှား/သတင်းမှန် ခွဲခြားသုံးသပ်ရေး၊ လူမှုကွန်ယက်အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ မီဒီယာပြောင်းလဲရာ ပုံအဆင့်ဆင့်စသည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပို့ချပေးခဲ့သည်။


အဆိုပါ  ပြည်သူ့ဆက်ဆံရေးသင်တန်းအား   ဇူလိုင်(၂၆)ရက်နေ့မှ ဩဂုတ်(၁)ရက်နေ့အထိတစ်ပတ် ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၄)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဟန်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages