အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

 




MNP - ဇူလိုင်  ၂


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နေ့လယ် ၁ နာရီက ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ပူးပေါင်း၍ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ အမျိုးသမီးများ အကြမ်းဖက်မှုဖြစ်စဉ်သမိုင်းကြောင်းများ၊ အမျိုးသမီး အကြမ်းဖက်မှု ဥပဒေများ၊ သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ ပြုမှုနေထိုင်ကြရန်၊ ဥပဒေ၊ ကာယကံ ဖျက်ဆီးမှု၊ ဖျားယောင်းသွေးဆောင်မှု၊ မုဒိမ်းမှု၊ အသွားအလာမဆင်ခြင်ဘဲ အပျော်အပါး လွန်ကဲခြင်းများနှင့်ပတ်သက်၍ ရှောင်ရှားမှု ရှိစေရန်၊ အမျိုးသမီးများအနေဖြင့် ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ သွားလာနေထိုင်ကြရန် ဟောပြောခဲ့သည်။


အဆိုပါဟောပြောပွဲကို မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)